ရဲတပ်ဖွဲနှင့် ရာဇဝတ်သားများအကြား တိုက်ခိုက်မှုဖြစ် ရဲ ရှစ်ဉီးသေ၊ ၁၂ ဉီး ဒဏ်ရာရ

၃ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူဒရာပရာဒေ့ရှ် ပြည်နယ်တွင် ယနေ့နံနက် အစောပိုင်းက ရာဇဝတ်သားများ၏ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၈ ဉီးသေဆုံးပြီး ၁၂ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတစ်ဉီးက ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။

 

 

ကန်ပါခရိုင်တွင် ရဲတပ်ဖွဲ့နှင့် ရာဇဝတ်သားများအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

ရဲတပ်ဖွဲ့သည့် ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားအား ရှာဖွေရေးအတွက် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းသည့်အခါ ရဲများကို ရာဇဝတ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

 

အဆိုပါ စစ်ဆင်ရေးတွင် အနည်းဆုံး ရဲတပ်ဖွဲ့ ၄၀ ပါဝင်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

 

ရဲဝန်ထမ်းရှစ်ဉီး သေဆုံးသည့်အတွက် မိသားစုများကို ဝမ်းနည်းကြောင်း ပြည်နယ်ဝန်ကြီးချုပ် ယိုဂီ အင်ဒီယန်နာက ထုတ်ဖော်ပြောကြားခဲ့ကြောင်း မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

 

ရာဇဝတ်မှု ကျူးလွန်သည့် ရာဇဝတ်သားများအား တင်းကျပ်စွာ အရေးယူရန်အတွက် ပြည်နယ်ရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများကို ၎င်းက ညွှန်ကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

2429