ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၄)မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇူလိုင် ၄

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးမျိုးတင့်၊  ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၀/၂၀၂၁ (ရန်ကုန်)နှင့်  တရားမအထူးအယူခံမှုအမှတ် ၂၅/၂၀၂၁ (တနင်္သာရီ)၊ ၂၆/၂၀၂၁ (တနင်္သာရီ)၊ ၃၁/၂၀၂၁ (မန္တလေး)နှင့် ၈/၂၀၂၂ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက်ချမှတ်သည်။

 

ထို့ပြင် ရာဇဝတ် အထူးအယူခံမှုအမှတ် ၁/၂၀၂၂ (ရခိုင်)နှင့် တရားမအထူးအယူခံမှု အမှတ် ၂၈/၂၀၂၀ (ရှမ်း)၊ ၄၁/ ၂၀၂၀ (မွန်)နှင့် ၇/၂၀၂၁ (ရန်ကုန်) စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်