ပုသိမ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် အကြိုဆရာဖြစ်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပုသိမ် ၃၀ သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် အကြိုဆရာဖြစ်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ် (၁၄)ရပ်ကွက် ပန်းဆက်လမ်းမကြီးဘေးရှိ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားပြီး  ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာ စီမံကိန်းသင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ပြီး ဉာဏ်စမ်းမေးခွန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်