ပုဂံ ၃၁ ဒီဇင်ဘာ
ပုဂံရှေးဟောင်း နယ်မြေတွင် နှစ်သစ်ကူး Happy new year ကို လာရောက် လည်ပတ်ကြသော ပြည်တွင်းခရီးသည်များ ယခင်နှစ်များထက် များပြားစွာ လာရောက်ကြလျက် ရှိသည်ဟု သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် မြို့တော်တစ်ခု ဖြစ်သည့် ပုဂံမြို့ ညောင်ဦးမြို့များ၏ ကားလမ်းမများပေါ်တွင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ပုဂံညောင်ဦးမြို့များတွင် Happy new year အချိန်အား ပျော်ရွှင်စွာဖြတ်သန်းကြရန် အလည်လာရောက် လည်ပတ်ကြသော ခရီးသည်များ၏ ကားများဖြင့် ပြည့်ကြပ်နေခဲ့သည်ဟု သိရပြီး ဟိုတယ်နှင့် တည်းခိုခန်းများတွင်လည်း တည်းခိုသူ များပြားလျက်ရှိနေရာ နောက်ကျမှ ရောက်သူများအတွက် တည်းခိုရန်နေရာ အခက်အခဲ ဖြစ်ကြရသည်ဟု သိရသည်။
အိမွန်ဆွေ(ရေစကြို)