ပုဂံညောင်ဦးဒေသ ပလင်းကမ်းသာယာဆင်စခန်းကို မတ်လကုန်တွင်ဖွင့်လှစ်သွားမည်

ညောင်ဦး ၁၁ ဖေဖော်ဝါရီ     

 

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်အတွင်းရှိ ပလင်းသစ်ဖောင်ဖွဲ့ရေးနေရာတွင် ပလင်းကမ်း သာယာဆင်စခန်းကို မတ်လကုန်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပုဂံမြို့ဟောင်းနှင့် ရှစ်မိုင်ခန့် ဝေးကွာပြီးညောင်ဦးမြို့နှင့် ခြောက်မိုင်ခန့် အကွာအဝေး၌ ယခင် ညောင်ဦးသစ်ဖောင်ဖွဲ့ရေးဆိပ်ကမ်းနေရာ  မြေနေရာကွက်လပ်များပေါ်တွင် ဆင်စခန်းကို ထားရှိမည်ဖြစ်သည်။ 

 

ဆင်စခန်းတွင် သစ်ထုတ်လုပ်မှုစီမံကိန်း လျှော့ချထားသည့်ပိုလျှံနေသောအသက်ကြီးဆင်များနှင့် လက်ရှိမွေးမြူထားသောဆင်လေးများကို ထားရှိမည်ဖြစ်ပြီး ဆင်နေထိုင်ပုံစနစ်များကိုပြည်တွင်းပြည်ပဧည့် သည်များလာရောက်လည်ပတ်လေ့လာနိုင်ရေး ပုဂံညောင်ဦး ဒေသပထမဦး ဆုံးအပန်းဖြေစခန်း အဖြစ်ဆောင် ရွတ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ဆင်စခန်းတွင် စုစုပေါင်းဆင်ခြောက်ကောင်ထားရှိသွားမည်ဖြစ်သည်။

 

ပလင်းကမ်းသာယာဆင်စခန်းဖွင့်ရခြင်းရည်ရွယ်ချက်မှာ ဆင်စခန်းမှဆင်များကို ထိန်းသိမ်းစောင့် ရှောက်ရန်သာမကခရီးသွားဝန်ဆောင်မှုလုပ်ငန်းများပိုမိုကျယ်ပြန့်လာစေရန်အတွက် လည်းကောင်း၊ ယင်းလုပ် ငန်းကိုအမှီသဟဲပြုပြီးဒေသနေပြည်သူအများစုအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက်လည်းကောင်း၊ဆင်စခန်းဝန်းထမ်းများနှင့်ဆင်များကိုချစ်ခင်ရင်းနှီးမှုတိုးတက်စေရန်လည်းကောင်း၊ပြည်တွင်းပြည်ပမှနိုင်ငံခြားသားဧည့်သည်တော်များ ခရီးသွားများအပန်းဖြေနေရာ တစ်ခုပေါ်ပေါက်စေရန် လည်းကောင်းရည်ရွယ်ကြောင်း သိရသည်။

 

ဆင်စခန်းတွင်ဆင်စီးပြီးညနေခင်းဧရာဝတီရှုခင်းအလှနှင့်နေဝင်၊ နေထွက်ချိန် သဘာဝအလှရှုခင်းသာ များကိုကြည့်ရှုခံစားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

 

ကျော်ဌေး(ညောင်ဦး)