ပုဂံဒေသအား ရေရှည်တည်တံ့ခိုင်မြဲသော ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်အဖြစ် မြှင့်တင်နိုင်ရေးအတွက် ပုဂံမြို့တွင် အာဆီယံ-ကိုရီးယား ခရီးသွားလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အလုပ်ရုံဆွေးနွေးပွဲကို  ပုဂံဒေသအားရေရှည်တည်တံ့ခိုင်မြဲသောယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်အဖြစ် မြှင့် တင်ရေးနှင့် ကိုရီးယားခရီးသွားဧည့်သည်များပုဂံဒေသသို့ ပိုမိုလာရောက်ရေးအတွက်ရည်ရွယ်၍ “ Promoting Bagan as a Sustainable Cultural Heritage Tourism Destination” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အခမ်း အနားတွင် အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူး H.E Kim Young-sun ကအဖွင့် အမှာစကား ပြောကြားပြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Lee sang-hwa က ဂုဏ်ပြုအမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ကဏ္ဍအလိုက်ဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “မြန်မာ-ကိုရီးယား ခရီးသွားလုပ်ငန်း ဆက်ဆံရေးအပေါ် ခြုံငုံသုံးသပ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Sejong University College of Hospitality and Tourism Management မှ Professor Lee Seul-ki နှင့် ပုဂံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဇော်ဝိတ်က “ ပုဂံဒေသအား ရေရှည်တည်တံ့ခိုင်မြဲသော ခရီးစဉ်တစ်ခုအဖြစ် မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကိုရီးယားနိုင်ငံ Redcap Tour Co..Ltd, မှ General Manager ဖြစ်သူ Mr.Seo Sang-ok နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဦးကျော်မင်းထင်က “ ကိုရီးယားနိုင်ငံ၌ ပုဂံခရီးသွားမြှင့်တင်ရေးအတွက် ဈေးကွက် မဟာဗျူဟာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကိုရီးယားနိုင်ငံ Institute for Southeast Asian Studies of Busan University of Foreign Studies မှ Prof. Park Jang-sik က “ ကိုရီးယားယဉ်ကျေးမှု ကိုရီးယား ကမ္ဘာလှည့် ခရီးသွားများ၏သဏ္ဍာန်” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးကြခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံ-ကိုရီးယားဗဟိုဌာနမှ တာဝန်ရှိသူများ၊ကိုရီးယားနိုင်ငံ Sejong University နှင့် Busan University တို့၏ Foreign Studies မှ မြန်မာစာအထူးပြု ကျောင်းသား ကျောင်းသူများ၊ ပုဂံဒေသရှိ အစိုးရနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ၊ကိုရီးယားဘာသာစကားဧည့်လမ်း ညွှန်များ၊ဟိုတယ်လုပ်ငန်းရှင်များနှင့်ခရီးသွားလုပ်ငန်းအေဂျင်စီများ စုစုပေါင်းကိုယ်စားလှယ်(၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြ ပြီး ဖေဖော်ဝါရီလ (၉) ရက်နေ့က ပုဂံမြို့ရှိ Aye Yar River View Resort တွင် ကျင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေအောင်