ပုဗ္ဗသီရိမြို့နယ်  ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ၊ ဒီဇင်ဘာ  ၅

 

ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ အမှတ်-၁၅ အခြေခံပညာ အထက်တန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က နေ့ထူးနေ့မြတ်များရှိသည့်အနက် အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုတွင် အရေးပါခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး အမျိုးသားနေ့ စတင်ခဲ့ပုံများ၊ အမျိုးသားပညာရေးကျောင်းများ ဖွင့်လှစ်ခဲ့ပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံများကို  အသိပညာပေး ဟောပြောခဲ့သည်။


     
သန်းသန်းနွယ်(ပုဗ္ဗ)