ပုဗ္ဗသီရိ မတ် ၁၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့် ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းက သောက်သုံးရေ လိုအပ်နေသည့် ဖြုတ်ခွဲကျေးရွာအုပ်စု ဖက်တဲကုန်းကျေးရွာအတွက် ရေဂါလန် ၄၈၀၀နှင့် ရေသန့်ဘူးကြီး (၅၀၀) ကို မတ် ၁၈ ရက် နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖက်တဲကုန်းကျေးရွာတွင် အိမ်ခြေ (၈၉)အိမ်၊ လူဦးရေ (၃၉၅)ဦးရှိရာ ကျေးရွာသုံးရေကန် (၂)ကန်ရှိပြီး ရေပြတ်လပ်နေခြင်းကြောင့် မြို့နယ်ကြက်ခြေနီအသင်းမှ ဦးစီး၍ သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)


