ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အိုင်းရင်း

၃၁ ဒီဇင်ဘာ

 

ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ အိုင်ရင်းဟာ လတ်တလောမှာပြုလုပ်ခဲ့တဲ့ အနုပညာထူးချွန်ဆုပေးပွဲ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ရာမှာတော့ သူဝတ်ဆင်လာတဲ့ ပွဲတက်ဝတ်စုံကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ကေပေါ့ပ်အမျိုးသမီးတေးဂီတအဖွဲ့ "Red Velvet"ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အိုင်ရင်းဟာ ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့  SBS  ရုပ်သံလိုင်းရဲ့ နှစ်ကုန် ဆုပေးပွဲကို အခြားသောအဖွဲ့ဝင်တွေနဲ့အတူ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ခဲ့ရာမှာတော့ အိုင်ရင်းဝတ်ဆင်လာခဲ့တဲ့ဝတ်စုံကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်ခံခဲ့ရကာ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အကောင်းထက် အဆိုးဘက်က ဝေဖန်မှုတွေ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်