ပါပူဝါနယူးဂီနီ၌ ကြီးမားသောမြေပြိုမှုဖြစ်ပွား၊ လူ ၂၀၀၀ ကျော် အသက်ရှင်လျက်ပိတ်မိ

ဆစ်ဒနီ၊ မေ ၂၇

ပါပူဝါနယူးဂီနီနိုင်ငံ အင်ဂါပြည်နယ်တွင် မေ ၂၄ ရက်က ကြီးမားသောမြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူ ၂၀၀၀ ကျော် အသက်ရှင်လျက် ပတ်မိထားကြောင်း ပါပူဝါနယူးဂီနီ အမျိုးသားသဘာဝဘေး ဗဟိုဌာနက အတည်ပြုခဲ့သည်။

အဆိုပါကြေညာချက်ကို ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီထံမှ ယနေ့တွင် လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပါပူဝါနယူးဂီနီဆိုင်ရာ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏ အကြီးအကဲ ဆာဟန်အာ့ခ်တော့ပ်ရာခ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ပါပူဝါနယူးဂီနီ အမျိုးသားသဘာဝဘေး ဗဟိုဌာန၏ခေတ္တဒါရိုက်တာ လူဆစ်လာဆိုမာန၏ ထုတ်ပြန် ချက်အရ ယင်းမြေပြိုမှုသည် အဆောက်အအုံများနှင့် စားနပ်ရိက္ခာဥယျာဉ်များကို ကြီးကြီးမားမား ဖျက်ဆီးခဲ့သည့်အပြင် နိုင်ငံ၏စီးပွားရေး အသက်သွေးကြောအပေါ် ကြီးမားသောထိခိုက်ပျက်စီးမှုဖြစ် စေခဲ့ကြောင်း သိရသည်။

အစိုးရကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့သည် မေ ၂၆ ရက်က သဘာဝဘေးဒဏ်သင့်ကျေးရွာသို့ သွား ရောက်စစ်ဆေးခဲ့ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းအတွက် ပါပူဝါနယူးဂီနီငွေကြေး ကီနာ ၅၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၈၇၉၆ ခန့်)ကို အင်ဂါပြည်နယ်အစိုးရထံ ပေးအပ်ခဲ့ကြောင်း ခေတ္တ ဒါရိုက်တာက မှတ်ချက်ပြုလိုက်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ