ပျဉ်းမနားမြို့နယ်၌ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်  ၁၄ နိုဝင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်းဒေးရှင်း(နေပြည်တော်)တို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။ ယင်းနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်း ပြောကြားပေးသည်။

 

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၂)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ သြဂုတ် (၅) ရက်နေ့မှ နိုင်ဝင်ဘာ (၁၄) ရက်နေ့အထိ (အခမဲ့)သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)

 

mdn