ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. SuphatraSrimaitreephithak အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၆  မေ

            

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. SuphatraSrimaitreephithak အား ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

mdn

            

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် Neighbouring Countries Economic Development Cooperation Agency (NEDA) မှ ပံ့ပိုးသွားမည့် စီမံကိန်းများ၊ ထိုင်းနိုင်ငံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ဆဲ စီမံကိန်းများ၊ နှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)