ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု  ကြည့်ရှုစစ်ဆေး  

နေပြည်တော် ဧပြီ ၂၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြုးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် လျှပ်စစ် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ် စေရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် ဓာတ်အားလွှတ် ပစ္စည်းများ ပုံမှန်စစ် ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာလိုင်း ခန်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန် မှာကြား ခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ အမှတ် (၅) တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြကြပြီး  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေများအပေါ် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီး အောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင် ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးသွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများ စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန် နှင့် ဝန်ထမ်း များ၏ အခက်အခဲများ လွတ်လပ်စွာတင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒဖော် ထုတ်ပွဲများ လစဉ်ပြုလုပ်၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာ ထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိထားသင့်သည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်