နေပြည်တော် ဧပြီ ၂၀

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း က ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၀၁)၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၄၈၊ ၇၄၉)၊ တိုက်အမှတ် (၃၃၁၁၄)၊ (၃၃၁၀၂)၊ ဘူးကွဲဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၄၁၀၇)၊ (၅၃၉၀)၊ (၄၃၂၂) နှင့် (၄၃၂၃) သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစီးဌာနများမှ အင်ဂျင်နီယာများက ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။

 

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန အင်ဂျင်နီယာများအနေဖြင့် ငလျင်ဒဏ်ထိခိုက်မှု အခြေအနေ များအား တိကျသေချာစွာ ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာကော်မတီများသို့ အမြန်ဆုံးတင်ပြဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွှေနံ့သာရပ်ကွက်သို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချကာ ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေး နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်