နေပြည်တော် မတ် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင် အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ‌ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အနေဖြင့် ပညာရှင်များရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် အကြံပြု တင်ပြသွားနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်