ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry၊ Office for Economic Development and Integration in East Asia ၏ ဒါရိုက်တာတို့ တွေ့ဆုံ

နေပြည်တော်  ၁၄  ဇန်နဝါရီ  

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဂျပန်နိုင်ငံ၊ Ministry of Economy, Trade and Industry၊ Office for Economic Development and Integration in East Asia ၏ဒါရိုက်တာ Mr. ORIYAMA Mitsutoshi တို့သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ် သုံးစွဲနေရသည့် လျှပ်စစ် ဓာတ်အားခများအတွက် ငွေကြေးဖြည့်ဆည်းပေးနိုင်ရေးနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေး အထောက်အကူပြုနိုင်ရေးနှင့် လိုအပ်သည့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)
 

mdn