ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း  ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၏ Resident Representative, Mr. Peter Batchelor အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၅ မေ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (United Nations Development Programme - UNDP) ၏ Resident Representative, Mr. Peter Batchelor နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "Air Pollution" ခေါင်းစဉ်ဖြင့် အထိမ်းအမှတ်အခမ်းအနား၊ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို သစ်တောကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ထိခိုက်နိုင်ခြေများ စီမံဖြေရှင်းရေးအတွက် သောက်သုံးရေရရှိရေး၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးတွက် နည်းပညာထောက်ပံ့ရေး၊ ရခိုင်ဒေသရှိ ပြည်သူတို့၏ လူနေမှုဘဝအတွက် အရေးပါပြီး သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်သည့် ဒီရေတော ပြန်လည်တည်ထောင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)