ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကိုလက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကိုယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာ- ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် ခရီးသွားမြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ အဏ္ဏဝါခရီးသွား လုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်း အမျိုးအစားများ အတူတကွ ဖော်ထုတ်မြှင့်တင်၍ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ခရီးသွားဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ခြင်းအပေါ် ဆက်လက်အကောင် အထည်ဖော်ရေး ကိစ္စရပ်များ၊ မြန်မာ- ထိုင်း နှစ်နိုင်ငံ အစိုးရ- ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်သော ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးကျွမ်းဝင်မှု ခရီးစဉ်များ စီစဉ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ရေး၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းရေး၊ ထိုင်းနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်ကြရေးအတွက် ခရီးစဉ်များ တိုးချဲ့ရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ထိုင်းခရီးသွားဧည့်သည်များ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးနှင့် နှစ်နိုင်ငံ  အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်