ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်မှု

နေပြည်တော် ၂၈ စက်တင်ဘာ

 

ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားလူမျိုးတို့၏ လှူစွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးသည် တစ်သားတည်းဆက်စပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ဖွံ့ ဖြိုးရေးသိပ္ပံအား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးရေးတက္ကသိုလ်အဖြစ် ၁၉၉၁ ခုနှစ် မေလ ၁၀ ရက်နေ့၌ အဆင့်မြှင့်သတ်မှတ်ခဲ့ပါသည်။ ကနဦး ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင် ထူထောင်ခဲ့သည်မှရေတွက်ပါကပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ သက်တမ်းသည် (၅၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

 

ပြည်ထောင်စုစိတ်ဓာတ်နှင့် တိုင်းရင်းသားလူမျိုးတို့၏ လှူစွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးတို့အပေါ် အခြေခံသည့် ရည်မှန်းချက်(၇) ရပ်ကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်၏ ရည်မှန်းချက်များအဖြစ် သတ်မှတ်ထားပါသည်။ ဤရည်မှန်းချက်(၇)ရပ် ဆုပ်ကိုင်ရရှိနိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း၊ အမှတ်စဉ်(၂)ကို အောင်အောင်မြင်မြင်တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူတို့အား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဩဝါဒအမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမိုင်းတစ်လျှောက်တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသတို့၏ အခြေခံအဆောက်အအုံများ အလျင်အမြန်ဖွံ့ ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်များကို အလေးအနက်ထား ပြောကြားခဲ့ပါသည်။

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးရေးတက္ကသိုလ်အနေဖြင့်ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ ပညာရေးမြှင့်တင်ပေးနိုင်ရန် တိုင်းရင်းသူတိုင်းရင်းသား ဆရာ ဆရာမ ၁၃၁၂၈ ဦး မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။အဆိုပါ တိုင်းရင်းသူ တိုင်းရင်းသား ဆရာ ဆရာမ ၁၃၁၂၈ ဦးအနက် မဟာပညာရေးဘွဲ့ရ ၉၅ ဦးပါသကဲ့သို့ မဟာဒဿနဘွဲ့ရ ၃၅ ဦးလည်းပါဝင်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း၊ အမှတ်စဉ်(၂)ကို အောင်အောင်မြင်မြင်တက်ရောက်ခဲ့သည့် သင်တန်းသူ သင်တန်းသား ၁၆၅ ဦးတို့ကတိုင်းရင်းသားလူမျိုးနွယ်စု ၈၂ မျိုးကို ကိုယ်စားပြုနိုင်ခြင်းသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်၏ အောင်မြင်မှုကို ထင်ဟပ်ပြသနေပါသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ပညာတတ်ဆိုသည်မှာ ဆက်လက်ပညာသင်ကြားလိုသော ဆန္ဒရှိသကဲ့သို့ ပညာသင်ကြားနိုင်စွမ်းလည်းရှိသော ပုဂ္ဂိုလ်မျိုးသာဖြစ်သည်”ဟူသော ပညာရှင် မူကူဇဝါ၏ အဆိုအမိန့်ကို အလေးအနက်ထားပြောကြားသကဲ့သို့ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း၊အမှတ်စဉ်(၂)သင်တန်းဆင်းကြတော့မည့် သင်တန်းသူ သင်တန်းသားတို့အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ပျိုးထောင်ပြန့်ပွားရေးအား ကြိုးစားဆောင်ရွက်ရန်ကိုလည်း လမ်းòန်ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ အနှစ်သာရအား ထင်ဟပ်မိန့်ခွန်းပြောကြားခဲ့ ခြင်းကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။