ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

နေပြည်တော် ၁၇ ဧပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများအားလုံး မြန်မာ့နှစ်သစ်မင်္ဂလာ အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ကြိုးစားကြ ရာမှာ နိုင်ငံတော်အစိုးရနဲ့အတူ တိုင်းရင်းသားပြည်သူများ အားလုံးက ကျရာကဏ္ဍကနေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်ချစ်စိတ်ဓာတ်တို့ကို အခြေခံပြီး စုပေါင်းအင်အားနဲ့ အတူတကွ လက်တွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပြောကြားလိုပါတယ်။

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြ ပါစေ။