ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား

မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာအခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ/ နိုင်ငံသား တိုင်းရင်း သား ပြည်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ နားလည် စာနာမှု၊ ခွင့်လွှတ်သည်းခံမှု၊ အပြန်အလှန် လေးစားမှုများကို အခြေခံပြီး ပြည်ထောင်စု စိတ်ဓာတ် ကို အရင်းတည်ကာ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

 

စုပေါင်းအင်အားသာလျှင် အရာအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် အကြီးမားဆုံးခွန်အားဖြစ်ပါတယ်။

 

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူများခင်ဗျား

 

နှစ်သစ်ကူးအချိန်အခါမှသည် လာမယ့်တစ်သက်တာလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ပျော်ရွှင်ချမ်းမြေ့ဖွယ် ဘဝများ ကိုယ်စီကိုယ်ငှ ခံစားရရှိနိုင်ကြပါစေ၊ အခက်အခဲဟူသမျှကို စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်ဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ကြပါစေ၊ အမျက်ရန်မီးတို့ ငြိမ်းအေးကာ ထာဝရငြိမ်းချမ်းရေး ကို ရရှိပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။