ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး Japan Fedration of Bar Associations(JFBA) ၏ International Exchange Committee မှ ဥက္ကဋ္ဌ မစ္စတာအိကဲအုချီ မာဆာတိုရှီနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ 

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Japan Fedration of Bar Associations(JFBA)၏ International Exchange Committee မှ ဥက္ကဋ္ဌ မစ္စတာ အိကဲအုချီမာဆာတိုရှီနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာန ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊မြန်မာနိုင်ငံရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ်နှင့် ရှေ့နေအသင်းများ ဖွဲ့စည်းတည်ရှိမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥပဒေ ပြင်ဆင်ပြဌာန်းဆောင်ရွက်မှု အခြေအနေများ နှင့် ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍများအား နှစ်ဖက်ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)