ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ပဏာမစစ်ဆေးခြင်း ရေးဖြေစာမေးပွဲ အောင်မြင်သူများ ထုတ်ပြန်ကြေညာ

နေပြည်တော် ၂၆ ဒီဇင်ဘာ

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာနအဖွဲ့အစည်း ၁၁ ခုတွင် လစ်လပ်လက်ရှိသော ရာထူးနေရာ ၄၈၀ အတွက် ပထမအဆင့် ပဏာမစစ်ဆေးခြင်း(Screening Test)ရေးဖြေစာမေးပွဲ၊ ရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲအမှတ်စဉ်(၁/၂၀၁၈)ကို ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်တို့တွင် စာစစ်ဌာန ၅ ခုဖြင့် တစ်ပြိုင်တည်းပြုလုပ်ကျင်းပခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်တွင် အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့သည်။

 

ပထမအဆင့် ပဏာမ စစ်ဆေးခြင်း(Screening Test)ရေးဖြေ စာမေးပွဲသို့ လျှောက်ထားသူ စုစုပေါင်း ၈၀၇၂ ဦး ရှိပြီး ဘာသာစုံဖြေဆိုသူ စုစုပေါင်း ၅၈၁၂ ဦး ရှိကာ အောင်မြင်သူ စုစုပေါင်း ၂၄၉၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပထမအဆင့် ပဏာမ စစ်ဆေးခြင်း(Screening Test) အောင်မြင်သူများအနေဖြင့် ဇန်နဝါရီ ၂၀ နှင့် ၂၁ ရက်တို့တွင် ကျင်းပမည့် ဒုတိယအဆင့်ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရ သည်။

 

အောင်စာရင်းအသေးစိတ်ကို အောက်ဖော်ပြပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

MDN

https://www.facebook.com/311952719219213/photos/pcb.429373067477177/4293...