ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီ အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၈)၏ သင်တန်းဆင်း အခမ်းအနား တက်ရောက်  

နေပြည်တော် မတ် ၃၀

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်း အခမ်းအနားကို  ယနေ့ နံနက်၉ နာရီတွင် နိုင်ငံ့တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့  အဖွဲ့ဝင် သူရဦးဘိုနီ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
 
ဉီးစွာပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီက အလယ်အလတ်အဆင့် အရာထမ်းတစ်ဦးချင်းစီ၏ အရည်အချင်းတိုးတက်ပြီး စွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင် စွမ်းတိုးတက်စေရေးသည်လည်း အရေးကြီးပါကြောင်း။ သင်တန်းမှ ရရှိသည့် ပညာရပ်ဗဟုသုတ အတွေ့အကြုံများကို ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့ဌာန၏ အားသာချက်၊ အားနည်းချက်များ ပိုမိုသိမြင်လာပြီးပေးအပ်သော လုပ်ငန်းတာဝန်များကို နှောင့်နှေးမှုမရှိ အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်သူ များကို ပြည့်ဝစွာဝန်ဆောင်မှုပေးနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရာတွင် ဝန်ထမ်းအဖွဲ့ အစည်းအပေါ် သစ္စာရှိပြီး တာဝန်ဝတ္တရားများကို  လိုလားတက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများအဖြစ် မိမိအဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင်  တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးကြရန် တိုက်တွန်းမှာကြားသည်။ 

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်း ဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။ 

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၈)၏  ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးမှ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာဘွဲ့လက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ပါသည်။ အဆိုပါသင်တန်းကို Hybrid Learning System ဖြင့် ဖွင့်လှစ်ခဲ့ရာ Online မှ ရက်သတ္တပတ်(၁၆)ပတ်၊ In-house တွင် ရက် သတ္တပတ်(၈)ပတ် စုစုပေါင်း ရက်သတ္တပတ်(၂၄)ပတ် ကြာမြင့်ခဲ့ပြီး သင်တန်းသား(၄၄)ဦး၊ သင်တန်းသူ (၅၅)ဦး စုစုပေါင်း (၉၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်