ပြည်ထောင်စုလမ်းမကြီးပေါ်၌ ကားတစ်စီး ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

ပြည်ကြီးမဏ္ဍိုင်၉ ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၆/) နှင့် (၈၆/)ကြားတွင် ဇွန် ၈ ရက်က ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း မောင်ကျော်သူလှိုင် () မင်းထက် (၂၉)နှစ် မောင်းနှင်ပြီး ဖခင်ဖြစ်သူ ဦးဝင်းလှိုင် (၅၆)နှစ် ဈေးရောင်းလုပ်ကိုင်သူ လိုက်ပါလာသော BGO 6N-1031 ဟွန်ဒိုင်းအမျိုးအစား အဖြူရောင်သည် ဇွန် ၇ ရက် နံနက် ၁၀ နာရီက ခမောက်ကြီးမြို့၊ (၅၂)မိုင်သို့ ခရီးသည်များ သွားရောက်ပို့ဆောင်ပြီး လောင်းလုံးမြို့နယ်သို့အပြန် အင်ဂျင်ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်၍ မီးသတ်ဆေးဘူးဖြင့်  ငြှိမ်းသတ်ခဲ့သော်လည်း မီးမငြိမ်းဘဲ ပြည်ကြီးမဏ္ဍိုင်မြို့နယ် မြေမီးသတ်စခန်းမှ မီးသတ်တာဝန်ခံနှင့် တပ်ဖွဲ့ဝင်()ဦးတို့မှ မီးသတ်ကားဖြင့် သွားရောက်ငြိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား ပြည်ကြီးမဏ္ဍိုင်မြို့ နယ်မြေရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မျိုးလွင်(ပြန်/ဆက်)

mdn