မြစ်ကြီးနား ဇွန် ၁၄
ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနား မြို့ မန်ခိန်ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေဧရိယာအတွင်း ယာယီ တိမ်းရှောင်စခန်းများ ဖွင့်လှစ်၍ ခိုလှုံနေထိုင်လျက်ရှိသည့် စခန်း (၉)ခုမှ အိမ်ထောင်စုများအား ရွေးနုတ်ကယ်တင်ခြင်း ယာယီ တိမ်းရှောင်စခန်း ခန်းမဆောင်၌ တွေ့ဆုံအားပေး ထောက်ပံ့သည်။
ထောက်ပံ့ပေးအပ်
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီဝင်က ငြိမ်းချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အားလုံး ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ် ကြောင်းပြောကြားပြီး ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်မြို့နယ် တို့မှ ခိုလှုံနေထိုင်လျက်ရှိသည့် စခန်း(၉)ခုမှ အိမ်ထောင်စု ၆၀၉ စု အတွက် ဆန် ၂၄ ပြည်ပါ အိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ခံတစ်ဦးက ကျေးဇူးတင် စကားပြောကြား၍ စခန်းနေ မိသားစုများ၏ လိုအပ်ချက်များကို တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


