ပြည်ထောင်စု၀န်ကြီး ဦးကိုကိုလှိုင် ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြေက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte  Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး၀န်ကြီးဌာန (၁) ပြည်ထောင်စု၀န်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီးတို့တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကူ၀ိတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Mubarak Muhanna Eissa Aladwani က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး၀န်ကြီးဌာန (၁) ပြည်ထောင်စု၀န်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Mubarak Muhanna Eissa  Aladwani တို့က ကူဝိတ်နိုင်ငံ၏ (၆၃) နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်ကြသူများကို သံအမတ်ကြီးက ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးရာ၀န်ကြီး ဦးဗိုလ်ဌေးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

mdn