ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု 

နေပြည်တော် ၂၉  သြဂုတ်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး(၁၃) ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့်ဒေါက်တာမင်းသိန်း၊‌ရေဦးမဲဆန္ဒနယ်၏မိတ်ဆွေနှစ်ဦး၊ ဦးအောင်သန်းစိန်၊ ခန္တီးမဲဆန္ဒနယ်၏ မိတ်ဆွေလေးဦး၊ ဒေါက်တာလှမိုး၊ အောင် မြေသာစံမဲဆန္ဒနယ်၏ မိသားစုဝင် ငါးဦး၊ ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်၏ မိတ်ဆွေ များဖြစ်ကြသည့်ဟင်္သာတမြို့နယ်မှ တောင်သူလယ်သမား(၃၅)ဦးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်-၃ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၈)မှ ဒုတိယညွှန်ကြား ရေးမှူးဒေါ်ဥမ္မာဦးဆောင်သည့် အုပ်ချုပ်သူများနှင့် သင်တန်းသား/ သင်တန်းသူ (၁၁၄)ဦး၊ စုစုပေါင်း(၁၆၀)ဦးတို့သည် ယနေ့နံနက် ၁၀:ဝဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီးလွှတ်တော် အဆောက်အအုံများကိုလေ့ လာကြည့်ရှုခဲ့ကြပါသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့်ဧည့်သည် စုစုပေါင်းမှာပြည် တွင်းဧည့်သည် ၄၀၈၃၅ဦးနှင့် ပြည်ပဧည့်သည် ၁၈၀၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)