နေပြည်တော် ၁ မတ် 
  

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်၏ မိသားစုဝင်(၁)ဦး၊ ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်၏ မိသားစုဝင်(၂)ဦး၊ ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ်၏ မဲဆန္ဒရှင်ပြည်သူများ (၉၈)ဦး၊ ဦးတင်ကိုကိုဦး (ခ) ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်၏ မိတ်ဆွေများြဖစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကြီးကြပ်သူ ပါမောက္ခ/ ဌာနမှူး ဒေါက်တာချိုချိုသိန်း ဦးဆောင်သည့် ဖွံ့ဖြိုးမှုပညာ မဟာဘွဲ့သင်တန်းမှ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူများ (၈၆)ဦး၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကြီးကြပ်သူ ကထိက ဒေါက်တာ သန်းလွင်ဦး ဦးဆောင်သည့် နိုင်ငံတကာဆက်ဆံရေး ဒီပလိုမာသင်တန်း၊ အမှတ်စဉ်(၁၅)မှ ကျောင်းသား/ကျောင်းသူများ (၅၀)ဦးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကြီးကြပ်သူ တွဲဖက်ပါမောက္ခ ဒေါက်တာညိုညို ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၂၂၇)ဦး စုစုပေါင်း (၄၆၄)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ေ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၈၁၆၄ ဦးနှင့် ြပည်ပဧည့်သည် ၂၀၈၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 

 


(သတင်းစဉ်)