ရန်ကုန် ဧပြီ ၂၅            

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) ၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ် မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင်  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

 

 ဦးစွာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာတင်ထွန်း၊ ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။

 

ထို့နောက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး ဘာသာရပ် အသီးသီး တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး)၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ ဆေးရုံ အုပ်ချုပ်မှုပညာမဟာဘွဲ့၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့နှင့် အာဟာရပညာဒီပလိုမာဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ တင်ထွန်းက ဘွဲ့များအပ်နှင်းပြီး ဂုဏ်ပြုအမှာ စကားပြောကြားသည်။

 

ယနေ့ကျင်းပသည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)၏ ဘွဲ့နှင်းသဘင်အခမ်းအနားများ၌ (၁၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး) ၅ ဦး၊ ပြည်သူ့ကျန်း မာရေးမဟာဘွဲ့  ၆ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့  ၆ ဦး၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့ ၂၃ ဦးကို လည်းကောင်း၊ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး) ၁ ဦး၊ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့  ၁၄ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့  ၁၀ ဦးကိုလည်းကောင်း၊ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၁၅ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာ မဟာဘွဲ့  ၈ ဦး၊ ဆေးပညာ သင်ကြားရေးဒီပလိုမာဘွဲ့  ၃၅ ဦး၊ အာဟာရပညာဒီပလိုမာဘွဲ့ ၂ ဦးကိုလည်းကောင်း၊ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ (ပြည်သူ့ကျန်းမာရေး)  ၅ ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၁၄ ဦး၊ ဆေးရုံ အုပ်ချုပ်မှုပညာမဟာဘွဲ့  ၁၁ ဦး၊ ဆေးပညာသင်ကြား ရေးဒီပလိုမာဘွဲ့  ၃၈ ဦးတို့အား ဘွဲ့များ အပ်နှင်းခဲ့သည်။

 

ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)အနေဖြင့် ယခုဘွဲ့နှင်းသဘင်များ အပါအဝင် ယနေ့အထိ ဘွဲ့ရရှိသူ စုစုပေါင်း (၁၄၇၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)