ပြည်ပနိုင်ငံများတွင် လုပ်ကိုင်နေသည့် အိမ်တွင်းအထောက်အကူ အလုပ်သမားများ၏ လုပ်အားကို တန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်

နေပြည်တော် ၂၉ စက်တင်ဘာ

ပြည်ပနိုင်ငံများတွင် လုပ်ကိုင်နေသည့် အိမ်တွင်းအထောက်အကူ အလုပ်သမားများ၏ လုပ်အားကို တန်ဖိုးထား အသိအမှတ်ပြု ရမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြားသည်။

မြန်မာအမျိုးသမီးများသည် အိမ်နီးချင်းနိုင်ငံများသို့ အိမ်တွင်းအထောက်အကူ အလုပ်သမားများအဖြစ် တရားမဝင်သွားရောက်လုပ်ကိုင်နေကြောင်း၊ ရွှေ့ပြောင်းသွားလာသူများသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အိမ်တွင်းအထောက်အကူ အလုပ်သမားများ၏ လုပ်အားကို တန်းဖိုးထား အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဿဒမ အကြိမ်မြောက် ရွေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာစီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင်ဆိုင် အကြိုလုပ်ငန်းညိုနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သင့်လျော်ကောင်းမွန်သည့် ရွေ့ပြောင်းသွားလာခြင်းဖြစ်စေရန် မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံတို့၏ အစိုးရများ ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ပြည်သူလူထု၊ မီဒီယာများသာမက သွားရောက်လုပ်ကိုင်မည့် အလုပ်သမားကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကာ  နှစ်နိုင်ငံအစိုးရများ ၊ အလုပ်ရှင်၊ အလုပ်သမားများပါဝင်သည့် wiwn-win ဖြစ်စေရန်လုပ်ဆောင်ရမည် ဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

MDN