ပြည့်စုံမှန်ကန်သည့် ပင်စင်အမှုတွဲများပေးပို့နိုင်ရေး ပင်စင်အထောက်အကူပြုသင်တန်းဖွင့်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနသည် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူ သည့်အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အငြိမ်းစားအကျိုးခံစားခွင့်များကို စိစစ်တွက်ချက်ခွင့်ပြုပေးလျက်ရှိသည်။

 

 

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အချိန်၌ လုပ်သက်ဆုငွေနှင့် လစဉ်အငြိမ်းစား လစာ အား အငြိမ်းစားယူသည့် လနှင့်တစ်ဆက်တည်း ခံစားခွင့်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်အမှုတွဲများ ပြည့်စုံမှန်ကန်စွာပြုစု၍ ပင်စင်ဦးစီးဌာနသို့ ပေးပို့ရန်လိုအပ်သည်။

 

 

ယင်းသို့ ပြည့်စုံမှန်ကန်သည့် ပင်စင်အမှုတွဲများ ပေးပို့နိုင်ရေးရည်ရွယ်၍ ပင်စင်အမှုတွဲများ လက်တွေ့ ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအတွက် ပင်စင် အထောက်အကူပြု သင်တန်း အမှတ်စဉ် (၃ / ၂၀၁၈) ကို  ယမန်နေ့က နေပြည်တော် ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချသည်။

 

 

အဆိုပါသင်တန်းသို့ နေပြည်တော်ရှိ ဌာနအဖွဲ့အစည်းများမှ သင်တန်းသား/ သင်တန်း သူ (၅၃) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁) ပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရှိရသည်။ 

 

 

(သတင်းစဉ်)