ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်တက္ကသိုလ် ပါရဂူ (PH .D) သင်တန်းသားများခေါ်ယူ

၁။ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (Ph.D) သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

(က) မြန်မာစာ

(ခ) အင်္ဂလိပ်စာ 

(ဂ) ပထဝီဝင် (ဍ) ဓာတုဗေဒ

(ဃ) သမိုင်း

(င) ဒဿနိကဗေဒ

(စ) စိတ်ပညာ

(ဆ) ဥပဒေပညာ

(ဇ) အရှေ့တိုင်းပညာ

(ဈ) နိုင်ငံတကာဆက်ဆံရေးပညာ

(ည) မနုဿဗေဒ

(ဋ) ရှေးဟောင်းသုတေသနပညာ 

(ဌ) စာကြည့်တိုက်နှင့်သုတပညာ 

(ဍ) ဓာတုဗေဒ

(ဎ) ရူပဗေဒ (ဏ) သင်္ချာ 

(ဏ) သင်္ချာ

(တ) သတ္တဗေဒ 

(ထ) ရုက္ခဗေဒ

(ဒ) ဘူမိဗေဒ

(ဒ) ဘူမိဗေဒ 

(ဓ) ကုန်ထုတ်ဓာတုဗေဒ

(န) ကွန်ပျူတာသိပ္ပံပညာ

(ပ) အဏုဇီဝဗေဒ

၂။ ပါရဂူဘွဲ့(Ph.D) သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

(က) ပါရဂူဘွဲ့သင်တန်းတက်ရောက်ခွင့်လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) ၂၀၁၈ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ (လုပ်ငန်းခွင် အတွေ့အကြုံရှိသူများကို အသက်ကန့်သတ်ချက် လျှော့ပေါ့စဉ်းစားမည်။)

(ဂ) ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့်တစ်နှစ် တက်ရောက်နိုင်သူဖြစ်ရမည်။

(ဃ) ဝင်ခွင့်လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်

ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက်

(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူ ဖြစ်ရမည်။ ဟာဘွဲ့အောင်မြင်သူ ဖြစ်ရမည်။ဘာသာရပ်ဆိုင်ရာ (၃ ) နာရီမေးခွန်းနှင့် အင်္ဂလိပ် (၃) နာရီအင်္ဂလိပ်စာ(၃)နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်း အောင်မြင် သူများကိုသာ လက်ခံမည်။

(၂) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ရရှိထားသူများသည် (ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

(၃) တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြဖြစ်ပါက နည်းပြ၊ သရုပ်ပြရာထူးတွင် လုပ်သက်(၁) နှစ်အနည်းဆုံးရှိရမည်။

(၄) တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ မဟုတ်သော ပညာရေးဝန်ထမ်းများဖြစ်လျှင် နည်းပြ၊ သရုပ်ပြနှင့် အဆင့်တူရာထူးတွင် လုပ်သက်(၂)နှစ် အနည်းဆုံးရှိသူဖြစ်ရမည့်အပြင် လျှောက်ထားသူသည် သုတေသနဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူဖြစ်ပြီးပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့်ပြုခြင်းနှင့် ဌာနဆိုင်ရာ လုပ်ငန်းတွင် တိုက်ရိုက်အကျိုးပြုနိုင် ကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲက ထောက်ခံသူဖြစ်ရမည်။

(၅) ပါရဂူကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့်(၁)နှစ် တက်ရောက် ခွင့်ပြု နိုင်ကြောင်း ထောက်ခံစာတင်ပြရမည်။

အခြားဝန်ကြီးဌာနဝန်ထမ်းများအတွက် ခြားဝန်ကြီးဌာန ဝန်ထမ်းများအတွက်

(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံးမဟာဘွဲ့အောင်မြင်သူဖြစ်ရမည်။ ဟာဘွဲ့အောင်မြင်သူ ဘာသာရပ်ဆိုင်ရာ(၃)နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃)နာရီမေးခွန်း ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းအောင်မြင် သူများကိုသာ လက်ခံမည်။

(၂) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ မဟာသုတေသနဘွဲ့ ရရှိထားသူများသည် (ဝင်ခွင့်စာမေး ပွဲဖြေဆို ရန်မလိုပါ) လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

(၃) အနိမ့်ဆုံး နည်းပြ၊ သရုပ်ပြ (သို့မဟုတ်) ယင်းနှင့်အဆင့်တူရာထူးတွင် လုပ်သက်(၂)နှစ်အနည်းဆုံးရှိရမည်။

(၄) ပါရဂူကြိုသင်တန်းတက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံမှ အချိန်ပြည့်(၁)နှစ် တက် ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ တင်ပြရမည်။

နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်

နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်၌ အနိမ့်ဆုံးမဟာသုတေသနဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ မဟာသုတေသနဘွဲ့ အတွက်ပြု လုပ်ခဲ့သော သုတေသနအကျဉ်းချုပ်နှင့် ပါရဂူဘွဲ့သင်တန်းတွင် ဆောင်ရွက်လိုသော သုတေသနနယ်ပယ် အဆို ပြုချက် (ကွန်ပျူတာစာစီ၍ စာမျက်နှာ၃မျက်နှာ ထက်မပိုသော)ကို လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြရမည်။ လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုအောင်မြင်ရမည်။

ရန်ကုန်တက္ကသိုလ်၊ ကျောင်းသား ရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၁၈-၅-၂၀၁၈ရက် (သောကြာနေ့) နောက်ဆုံးထား၍ လျှောက်ထားရမည်။ ၄။ လျှောက်ထားသူများသည် ရန်ကုန်တက္ကသိုလ်တွင် ပါရဂူဘွဲ့(Ph.D) သင်တန်းဝင်ခွင့် စာမေးပွဲကို အောက်ပါအတိုင်း ဝင်ရောက်ဖြေဆိုရမည်။

(က) ၂၁-၅-၂၀၁၈ရက် (တနင်္လာနေ့) ၉းဝ၀နာရီမှ ၁၂းဝ၀နာရီ သက်ဆိုင်ရာဘာသာရပ်

(ခ) ၂၂-၅-၂၀၁၈ရက်(အင်္ဂါနေ့) ၉းဝ၀နာရီမှ ၁၂းဝ၀နာရီ အင်္ဂလိပ်စာဘာသာရပ်

၅။ ရေးဖြေစာမေးပွဲ အောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ရှိထားသူများကို (၂၈-၅-၂၀၁၈)ရက် (တနင်္လာနေ့) တွင် လူတွေ့စစ်ဆေးမည်။

၆။ အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ(ဌာနမှူး) များထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့် နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မော်ကွန်းထိန်း(ဖုန်းနံပါတ်-၅၃၄၀၉၈၊ ၅၃၄၃၉၀) ထံလည်းကောင်း စုံစမ်းနိုင်ပါသည်။

ဌာနမှူး(သင်တန်းရေးရာ) 

ရန်ကုန် တက္ကသိုလ် ရန်ကုန်တက္ကသိုလ်