ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
ပညာရေးဝန်ကြီးဌာန 
ကြေညာချက်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည် -
(က) အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ
    (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ် - ပထမနှစ်၊ ဒုတိယနှစ်၊  တတိယနှစ်နှင့်   ဂုဏ်ထူးတန်း             ပထမနှစ်သင်တန်းများ
    (၂)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ် - ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ် ပညာရေးနှင့်    ဂုဏ်ထူးတန်း 
        တတိယနှစ်သင်တန်းများ(ဖွင့်လှစ်ဆဲ)
    (၃)     ၂၀၂၁-၂၀၂၂ပညာသင်နှစ်-မဟာအရည်အချင်းစစ်သင်တန်းနှင့်  မဟာဘွဲ့သင်တန်းများ             (ဖွင့်လှစ်ဆဲ)
    (၄)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် - ပထမနှစ်သင်တန်းများ 
        (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ခ)    ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ
    (၁)    ၂၀၁၉-၂၀၂၀ ပညာသင်နှစ် - ပထမနှစ် သင်တန်းများ
    (၂)     ၂၀၂၂-၂၀၂၃ ပညာသင်နှစ် - ပထမနှစ်သင်တန်းများ
        (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ဂ)    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းများအတွက်    ကျောင်းအပ်လက်ခံခြင်းကို         
    (၁၈-၄-၂၀၂၂) ရက်နေ့မှစတင်လက်ခံမည်ဖြစ်ပါသည်။
                            ပညာရေးဝန်ကြီးဌာန