ပြင်သစ် ကမ္ဘာလှည့်ခရီးသည် တစ်ဦးကို တာဝန်ချိန်ပြင်ပ ထိုင်းရဲက သေနတ်ဖြင့် ပစ်သတ်

အသက် ၄၁ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် တစ်ဦးကို ဘန်ကောက်မြို့လည်ခေါင်ရှိ အိမ်ခန်းတစ်ခုရှေ့မှာ တာဝန်ချိန်ပြင်ပ ထိုင်းရဲတစ်ဦးက ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ပစ်သတ်ခဲ့ပါတယ်။ ဘားတစ်ခုမှာ ထိုင်းရဲက ကမ္ဘာလှည့်ခရီးသည်ရဲ့ ထိုင်းအမျိုးသမီးသူငယ်ချင်းကို ချဉ်းကပ်ရာကနေ စကားများကြတာလို့ သိရပါတယ်။ သူတို့နှစ်ဦးလုံးက အရက်မူးနေပြီး ပထမဦးစွာ လက်သီးထိုးပြီး ရန်ဖြစ်ကြပေမယ့် ထိုင်းရဲက ပြန်မထိုးနိုင်ကြောင်း သိရပါတယ်။ 

 

အဲဒီနောက် ပြင်သစ်ကမ္ဘာလှည့်ခရီးသည် သူတည်းခိုရာ အခန်းကို ပြန်ချိန်မှာ ထိုင်းရဲက နောက်ကလိုက်ပြီး သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့ရာ နေရာတွင်သေဆုံးခဲ့ပါတယ်။ ပြင်သစ်ကမ္ဘာလှည့်ခရီးသည်ဟာ ထိုင်းနိုင်ငံကို ရောက်နေတာ သုံး၊ လေးလ ရှိဖြစ်ပါတယ်။ 

 

အခုတော့ ထိုင်းရဲကို ဖမ်းထားပြီးဖြစ်ပါတယ်။ ထိုင်းရဲကို အလုပ်မှဖြုတ်ပြီး လူသတ်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲဌာနက အကြီးအကဲက AFP ကိုပြောပါတယ်။ 

 

ဘန်ကောက်မြို့ဟာ ကမ္ဘာပေါ်မှာအလည်လာသူ အများဆုံးမြို့တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံဟာ သေနတ်နဲ့ဖြေရှင်းတာက ယဉ်ကျေးမှုဖြစ်ပြီး၊ မူးယစ်ရန်ဖြစ်မှုတွေ၊ စီးပွားရေး အငြင်းပွားမှုတွေနဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဖြေရှင်းတာတွေနဲ့ နာမည်ကြီးပါတယ်။ 

 

MDN
ကိုးကား- AFP