ပြင်သစ် စထရာဘောင်းမြို့တော် အကြမ်းဖက်တိုက်ခိုက်ခံရမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ပြင်သစ်နိုင်ငံ စထရာဘောင်းမြို့တော်တွင် ပြီးခဲ့သည့် သီတင်းပတ်က လူ ၅ ဦးသေဆုံးခဲ့ပြီး  ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် အကြမ်းတိုက်ခိုက်ခံခဲ့ရသည့် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရသည်။

လူ့အခွင့်အရေး အဖွဲ့များက အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မြို့လည်တွင် ယမန်နေ့က ကျင်းပခဲ့ကြကြောင်း နှင့် ထိုအခမ်းအနားတွင် သေဆုံးသူများ၏ နာမည်များကို ဖတ်ကြားခဲ့ကြပြီး အခမ်းအနားတွင် ပါဝင်သူများက အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြောင်းပြသခဲ့ကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညက လူတစ်ဦးသည် စထရာဘောင်းမြို့တော်ရှိ ခရစ္စမတ်ဈေးပွဲတော်အနီး တွေ့ကရာလူများကို ပစ်ခတ်ခြင်း ၊ဓားဖြင့်ထိုးခြင်း ပြုလုပ်ခဲ့သည်။ ယင်းသံသယရှိသူကို စောင့်ကြည့်လေ့လာခဲ့ကြပြီး ရဲတပ်ဖွဲ့က ၎င်းကို  ပစ်ခတ်ခဲ့သဖြင့် ပြီးခဲ့သည့် ကြာသပတေးနေ့က မတော်တဆ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြင်သစ်အစိုးရက ၎င်းစထရာဘောင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ထပ်မံဖြစ်ပွားနိုင်သည့် သတိပေးချက်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို