ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီး မြောက်မုန်းမြောင်းမကြီးအတွင်း ယာဉ်တစ်စီး တိမ်းမှောက် သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ပွင့်ဖြူ   ၅ ဇွန်      

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကနီကျေးရွာအနီး အရှေ့မှအနောက်သို့ ရှောက်တော - မဲဇလီသွား လမ်းဘေး မြောက်မုန်းမြောင်းမကြီး ထောင်တိုင်အမှတ် (၂၀ / ၂၁) ကြား ဇွန် ၅ ရက်  ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ မြောင်းမကြီးအတွင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။ 

 

mdn

 

ယာဉ်တိမ်းမှောက်မှုမှာ မဲဇလီကျေးရွာအုပ်စု  လယ်မကျေးရွာ ပုဗ္ဗဝိဟာရ ရွာဦးကျောင်းတိုက်ဆရာတော် ဦးသံဝရ ၊ သက်တော် ၄၀ နှစ် ၊ ဝါတော် ၂၀ မောင်းနှင်ပြီး ယာဉ်၏နောက်ခန်းတွင် မင်းဘူးမြို့ ၊ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ညိုညို စီးနင်းလိုက်ပါလာသည့် ယာဉ်အမှတ် YGN/ 2H – ---- CR-V အမျိုးအစား ခဲရောင်ယာဉ်သည် ရှောက်တောဘက်မှ မဲဇလီဘက်သို့ မောင်းနှင်လာစဉ် ကနီကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ပဲ ဆည်ရေပေးဝေသည့် မြောက်မုန်း မြောင်းမကြီးအတွင်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဆရာတော် ဦးသံဝရနှင့် ဒေါ်ညိုညို တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ ကြောင်း ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ပွင့်ဖြူမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)