ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 

နေပြည်တော် ၁၂  ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန် ထုတ်ပြန်ချက်အရ  ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာနေရာကွက်ကျား မိုးရွာမည်။ အမြင်တာ  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်ဖြစ်ပြီး ရေပြင်လေ အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်ခန့်၊လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။လှိုင်းအမြင့် (၃)ပေမှ (၅)ပေခန့်ရှိမည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။အမြင်တာ  (၅)မိုင်၊ရေပြင်လေ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်ခန့်၊ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်  (၃)ပေမှ (၅)ပေခန့်ရှိမည်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

 

MDN