ပင်လယ်စာ ရခိုင်ချဉ်စပ်ချက်လေးတွေကို ဈေးသက်သက်သာသာလေးနဲ့ ပဲစားပြီး ဗိုက်ကားသွားစေမယ့် ဆိုင်တစ်ဆိုင် ထပ်တွေ့ပြီ

 ၁၁ ဒီဇင်ဘာ


ပင်လယ်စာတွေကို ရခိုင်ချက်ပုံစံမျိုးနဲ့၊ ဈေးသက်သာတဲ့ဆိုင်တစ်ဆိုင်တဲ့။ အလုံက ဘော်ဒါတစ်ယောက် သတင်းလှမ်းပေးတာနဲ့ပဲ ကျွန်မနဲ့သူငယ်ချင်းနှစ်ယောက် အပြေးလေး ချီတက်သွားကြတယ်ပေါ့။ ဒီဆိုင်မှာက ပင်လယ်စာကိုမှ ပုံစံမျိုးစုံနဲ့လည်းရသလို ရခိုင်ချက်၊ ယိုးဒယားစတိုင်ချက်၊ တရုတ်ချက် စသဖြင့် အဲ့လိုတွေရတယ်။ ဆိုင်က တိုက်ခန်းမြေညီထပ်လေးမှာပဲဖွင့်ထားတာ။ အလယ်အလတ် လေးပါပဲ။ ဈေးလည်းမကြီးပဲ သက်သက်သာသာနဲ့ စားနိုင်လို့ အကုန်လုံးကိုပြန်ရှဲပေးချင်ပါတယ်။ ဆိုင်က အလုံလမ်းမပေါ်၊ ဌာနလမ်းထိပ်နားမှာပါ။ (ဆင်မင်းဈေးမှတ်တိုင်နဲ့နီးပါတယ်) ဆိုင်နာမည်က စားဟယ် Seafood တဲ့။

သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး စားမယ်ဆိုလည်းရတယ်၊ နောက်ပြီး မိသားစုထမင်းဝိုင်းတွေ အတွက်လည်း အဆင်ပြေတယ်ဆိုတဲ့ဆိုင်မျိုး။ ဒီကဟင်းပွဲလေးတွေရဲ့ ဈေးနှုန်းက တစ်ပွဲကို(၂၅၀ဝ)ကနေ (၄၈၀ဝ)အတွင်းပဲ။ ဒီမှာက ရခိုင်ချက်၊ ယိုးဒယားချက်ဟင်းပွဲတွေအပြင် တရုတ်ချက် ထမင်းကြော်၊ ကြာဇံကြော်၊ အစိမ်းကြော် ဘာညာ အဲ့ဒါတွေလည်းရတယ်။

အဲ့ဒီအနီးတဝိုက်ကလည်း အဲ့ဒါလေးတွေ လာလာဝယ်ကြတာ ကိုယ်အဲ့ရောက်နေတဲ့အချိန်တွင်းတော့ တွေ့ခဲ့ရတယ်။

အရင်ဆုံးပြောချင်တာက ဂဏန်းပေါ့နော်။ ဂဏန်းဆိုရင် ပုံမှန်ပွဲသေးကို (၄၈၀ဝ)၊ ကျွန်မတို့ စားခဲ့သလို အကောင်ကြီးပွဲကြီးဆိုရင်တော့ (၁၂၀ဝဝ) ဆိုတော့ စားမယ့်လူလည်းများပြီး ပိုစားနိုင်တယ်ဆို အကောင်ကြီးပွဲကြီးက ပိုတန်ပါတယ်။ ပွဲသေးဆိုရင်တော့ နှစ်ယောက်လောက်တော့ စားရမယ်ပေါ့။ (၄၈၀ဝ)ဆိုတော့လည်း မဆိုးဘူးလေ။ ဂဏန်းကိုမှ ပုံစံမျိုးစုံနဲ့ စားလို့ရတယ်။ ကိုယ်ကြိုက်သလိုလေး ပြောပေါ့နော်။ ကျွန်မတို့ စားခဲ့တာက ဂဏန်းစင်္ကာပူချက်။ အရသာလေးတွေကတော့ မဆိုးဘူးပဲ။

အခြားပုစွန်၊ ပြည်ကြီးငါး၊ ဂုံး၊ ငါး၊ ငါးရှဉ့်၊ မရွတ်၊ ရေခူ အဲ့ဒါတွေလည်း ပုံစံမျိုးစုံနဲ့ ရသေးတယ်။ ရခိုင်ဆိုင်ဆိုတော့ ရခိုင်ချက်အရသာတွေတော့ မိုက်တယ်ပေါ့။ ပြီးတော့ ဟင်းပွဲလုပ်တာက သိပ်တော့မကြာဘူး။ ဒါမဲ့လူကျနေရင်တော့လည်း အလှည့်ကျဆိုတော့ နည်းနည်းတောင့်စောင့်ရမယ်ပေါ့။ ကိုယ်တွေသွားတုန်းက ကိုယ်တွေအပြင်အခြားတစ်ဝိုင်း၊ နှစ်ဝိုင်းရှိတယ်။ အဲ့ဒါတောင် (၁၀)မိနစ်၊ (၁၅)မိနစ်လောက်ပဲစောင့်ရတယ်။ မစောင့်ချင်ရင်လည်း သွားနေတုန်းဖုန်းဆက်ပြီးကြိုမှာထား။ အဲ့သလိုလည်းအဆင်ပြေတယ်။

MDN

ရခိုင်စာဆို ကြက်သောက်စမ်းချက်ထားတာ။ မိုက်မှမိုက်။ ပူ၊ စပ်ပြီးတော့ ရှူးရှူးရှဲရှဲနဲ့။ အဲ့ဒီလိုလေးက တော်တော်လေး သောက်လို့ကောင်းတယ်။ ပူပူနွေးနွေးလေးဆိုတော့ ပြောစရာတောင်မလိုတော့ဘူး။ ပိုစား ကောင်းသွားတယ်။ ဒါနဲ့ဒါကိုဟင်းရည်အနေနဲ့ သောက်ရုံတင်မကပဲ ဟင်းတစ်ခွက်အနေနဲ့ တောင်စားလို့ရတယ်။ ဒီဟင်းလေး တစ်ပွဲထဲနဲ့လည်း ထမင်းစားမြိန်သွားနိုင်တယ်။ သူကပွဲကြီး၊ ပွဲသေးရှိတယ်။ ကိုယ်တွေစားခဲ့တာ ပွဲသေးကို သုံးယောက်စားလို့ရတယ်။ တစ်ပွဲကို (၂၅၀ဝ)ကျပ်ပဲ။

ကျွန်မအကြိုက်ဆုံးတွေထဲက တစ်ခုက ယိုးဒယားငါးကြော်သုပ်။ အဲ့ဒါလေးတော့ တော်တော်လေး စားကောင်း တယ်။ ငါးကြော်ကိုမှ ခပ်ကြွပ်ကြွပ်လေးကြော်ထားတာ။ အဲ့ဒါကိုမှ အပေါ်ကနေ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူပေါင်းထားတဲ့ ဆော့စ်ဖြန်းထားတယ်။ အဲ့အပေါ်မှာမှ ကြက်သွန်နီကို အကွင်းလိုက်တင်ပေးထား သေးတယ်။ အဲ့ဒါလေးက ချဉ်စပ်ကြိုက်တဲ့ လူဆိုစားသင့်တယ်။ ငါးကြွပ်လေးကို ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ဝါးလိုက်။ အချဉ်လေးတွေစားလိုက်နဲ့။ တကယ်ပြောတာ။ ငါးလည်းကြိုက်တယ်၊ ချဉ်စပ်လည်းကြိုက်တယ်ဆို ဒါလေးစား ကြည့်ခဲ့ဖို့ အကြံပေးလိုက်ပါရစေ။ သူကတော့တစ်ပွဲကို (၆၀ဝဝ)တဲ့။ တော်တော်လေးလည်းစားရတယ်။

ကြာစွယ်ကြိုက်တဲ့ မမတွေအတွက် ကြာစွယ်ငရုတ်သီးကြော်။ အဲ့ဒါလေးလည်းမဆိုးဘူး။ ကိုယ်ကပုံမှန်ဆို ကြာစွယ်သိပ်မစားဘူး။ အခုလည်း ဘော်ဒါတွေစားကြမယ်ဆိုလို့သာ မှာလိုက်တာ။ စားကြည့်တော့လည်း တစ်မျိုးလေးပဲ။ ကြာစွယ်ကလည်း ကြွပ်သလိုလိုလေးနဲ့ သူ့အချိုအရသာလေးလည်းပါတယ်။ အဲ့ဒါကိုမှ ငရုတ်သီးရဲ့ အစပ်လည်းပါတော့ ချို၊ သလိုစပ်သလိုလေးနဲ့ပေါ့ ကိုယ်တွေတော့ ဒါတွေပဲစားခဲ့ပါတယ်။ အော် ဒါနဲ့ ဒီမှာအချိုပွဲအနေနဲ့ ပန်းသီးကြော်စားခဲ့သေးတယ်။ ပန်းသီးကို မုန့်နှစ်နဲ့ ကပ်ပြီး ကြော်ထားတာ။ ချိုသလိုလိုနဲ့ဆိမ့်ဆိမ့်လေး။ အထဲက ပန်းသီးလေးကလည်း ပျော့သွားပြီးတော့ စားရတာတော့ အဆင်ပြေတယ်။ များများစားရင်တော့ အီမယ်ထင်တယ်။ အဲ့ဒါနဲ့တို့စားဖို့ မရောနိစ့်လည်း ထည့်ထားပေးတယ်။ ကိ်ုယ်တော့ပန်းသီးကြော်နဲ့ ပဲတော်တော်ကောင်းနေပြီ :3

အလင်းတွေလည်း ပြခဲ့ပြီးပြီဆိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတော့နော် :3

ဆိုင်လိပ်စာပြန်ပြောရမယ်ဆို ဆင်မင်းဈေးမှတ်တိုင်နား၊ အလုံလမ်းမပေါ်၊ ဌာနလမ်းထိပ်မှာရှိပါတယ်။ 01223988, 09-454441412 အဲ့ဒီဖုန်းတွေကို ဆက်လို့ရတယ်။ ဆိုင်ရောက်ပြီးမှ အကြာကြီး ထိုင်မစောင့်နိ်ုင်ရင် ကြိုမှာထားပေါ့နော်။ အလုံတဝိုက်ဆိုလည်း Delivery ရှိတယ်တဲ့ဗျ။
ကဲ ဒီနေ့တော့ဒီလောက်ပါပဲဗျ
.

Honey (MyLann)