ပင်လောင်း၊ ဟိုပုံး၊ လွိုင်လင်၊ လဲချားမြို့နယ်တို့၌ ဘိန်းခင်းများ တွေ့ရှိဖျက်ဆီး

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ အင်းနီကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀  က  အမြင့်(၆)လက်မခန့်ရှိ ဘိန်းစိုက်ခင်း (၄)ဧကခန့်အား နောင်တရား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရ သည်။

 

 

အလားတူ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၌ ဘိန်းစိုက်ခင်း(၂၅) ဧကခန့်၊ လွိုင်လင်မြို့နယ်၊ ပန်းတိုင်ကျေးရွာပါ ကျေးရွာ(၂)ရွာတို့၌ ဘိန်းစိုက်ခင်း(၈)ဧကခန့်၊ လဲချားမြို့နယ်၊ ဝမ်နောင်းကျေးရွာ (ရွာပျက်)၌  ဘိန်းစိုက်ခင်း(၁) ဧကခန့် အား ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်