ပနားမားရေပြင်အနီးမှ ကိုကင်း ၇ တန်ခွဲကို  ကိုလံဘီယာ နဲ့ အမေရိကန် အာဏာပိုင်တွေ ဖမ်းဆီးရမိ

၂ ဇူလိုင်

 

ကိုလံဘီယာ နဲ့ အမေရိကန် အာဏာပိုင်တွေပူးပေါင်းပြီး ပနားမားရေပြင်အနီးမှာ ကိုကင်း ၇ တန်ခွဲ ဖမ်းဆီးရမိကြောင်း ကိုလံဘီယာကာကွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

 

ကိုလံဘီယာပိုင် ကာရီဘီယံကမ်းရိုးတန်းရှိ ကာတာဂျင်နာ ကနေ ပနားမားဆိပ်ကမ်းမြို့ ဖြစ်တဲ့ ကိုလွန်ကို ပို့ဆောင်မယ့် ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ကိုကင်းတွေ ရောပြီး ရေကြောင်းကနေ ပို့ဆောင်စဉ်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

 

ကိုလံဘီယာ ရဲတပ်ဖွဲ့နဲ့ ရေတပ်တို့ဟာ အမေရိကန်အာဏာပိုင်တွေ ပါဝင်တဲ့  ပူးပေါင်း စစ်ဆင်ရေးအတွင်းမှာ ပနားမားရေပြင်အနီးကို ရောက်ရှိနေတဲ့ ကိုလံဘီယာအလံလွှင့်တင်ထားတဲ့ သင်္ဘောပေါ်မှာ ၇ ဒသမ ၅ တန်ချိန်ရှိတဲ့ ကိုကင်းဟိုက်ဒရိုကလိုဒ် ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

ကုန်တင်သင်္ဘောဟာ နိုင်ငံတကာရေပိုင်နယ်နယ်အတွင်းကို ရောက်ရှိနေပြီး ကိုလံဘီယာနိုင်ငံက အင်အားကြီးမားတဲ့ ကလန်ဒီဂိုဖို ကုန်ထုတ်လုပ်ရေးအဖွဲ့ကြီးက ပိုင်ဆိုင်တယ်လို့ သံသယရှိနေပါတယ်။

 

ဖမ်းဆီးရမိတဲ့ ကိုကင်း တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၈၆ သန်း နီးပါးရှိကြောင်း သိရပါတယ်။

 

ကိုလံဘီယာနိုင်ငံဟာ ကိုကင်း နဲ့ ကိုကာအရွက်ကနေ ထုတ်လုပ်တဲ့ မူးယစ်ဆေး ထုတ်လုပ်ရာ ကမ္ဘာမှာ အကြီးဆုံးနေရာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

 

ကိုကင်းကို အများဆုံးသုံးစွဲတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP