ပခုက္ကူ ၈ ဧပြီ
ပခုက္ကူမြို့၊ မြန်မာ့မီးရထား၊ ပခုက္ကူဘူတာမှ အခြေစိုက်ပြေးဆွဲနေသည့်လမ်းကြောင်း လေးခုကို ဧပြီ ၁၀ ရက်မှ ၁၉ ရက်ထိ ပြေးဆွဲခြင်း ရပ်နားထားမည် ဖြစ်သည်။
ပခုက္ကူမြို့မှ မုံရွာ၊ ဆိပ်ဖြူ၊ ကျော၊ တန့်ကြည့်တောင် ဘူတာများသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ် များကို ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း ပခုက္ကူဘူတာရုံပိုင်ကြီး၏ ပြောကြားချက်အရသိရသည်။
အလားတူ ပခုက္ကူ-နေပြည်တော် ပြေးဆွဲနေသောရထားကို မတ် ၃၁ ရက်မှစ၍ ပြေးဆွဲမှုရပ်ထားကြောင်း သိရသည်။
ကိုဇော်(ဓာတု)