ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၃၆ ဦး သေဆုံး၊ ၄၁ ဦး ဒဏ်ရာရ

မတ် ၄

ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်မှုကြောင့်  ၃၆ ဦးထက်မနည်းသေဆုံးပြီး အခြား ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်များက အင်န်ဒီအမ်အေက ပြောကြားသည်။ အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေး ၂၁ ဦးအပါအဝင် အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့သေဆုံးခဲ့သည်ဟု အင်န်ဒီအမ်အေကယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားသည်။ နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပတ်ထန်ဟွာပြည်နယ်သည် မိုးရွာသွန်းမှုအဆိုးရွားဆုံး ဒေသဖြစ်ပြီး ၂၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ငါးဦးသေဆုံးပြီး ပါကစ္စတန်ထိန်းချုပ်ထားရာကတ်ရှ်မားဒေသတွင် လေးဦးသေဆုံးခဲ့သည်။ နေအိမ်အလုံးပေါင်း ၄၆၉ လုံး လုံးဝ(သို့မဟုတ်) တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၆၁ ကောင် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို