ပါကစ္စတန်နိုင်ငံ၌ ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ

စက်တင်ဘာ ၂၆

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆာကာခရိုင်တွင် ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် စက်တင်ဘာ ၂၅ ရက်က ဒဏ်ရာရသူငါးဦးသေဆုံးပြီးနောက် သေဆုံးသူရှစ်ဦးအထိ မြင့်တက်လာကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားသည်။

ဒဏ်ရာပြင်းထန်စွာရရှိသူငါးဦးသည် ထိုဆေးရုံ၏အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခြင်းဖြစ်သည်ဟု ဆင်းဒ်ပြည်နယ်တောင်ပိုင်း ဆာကာခရိုင် ဆေးသိပ္ပံ‌ဆေးရုံဂမ်ဘတ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဆာကာဒေသရှိ ဓါတ်ငွေ့အိုးအရောင်းဆိုင်တစ်ဆိုင်တွင် ဆလင်ဒါအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကလေးတစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ၎င်းတို့အနက် သုံးဦးသည် ဆေးကုသမှုခံယူနေစဉ် စနေနေ့က သေဆုံးသွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူငါးဦးသည် ယမန်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှင်ဖြစ်သူက အိမ်သုံးဆလင်ဒါအိုးလာရောက်ဝယ်ယူသူတစ်ဦးအတွက် ဆလင်ဒါအိုးအတွင်းဓါတ်ငွေ့ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဒေသတွင်းမီဒီယာသို့ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို