ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ပိုင်ကျုံ အောက်တိုဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား  ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   ကျေးလက်ကျန်းမာရေးဌာနမှ   ကျန်းမာရေးမှူး၏  ဦးဆောင်မှုဖြင့်   ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ (၄)လနှင့် အထက်ရှိသူများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင် ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose များ ထိုးနှံပေးခဲ့သည်။

ပိုင်ကျုံမြို့တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက်   ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံတွင်  အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် အပတ်စဉ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)