ပီရူးနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် ခြောက်ဦးသေဆုံး

မတ် ၄

ပီရူးနိုင်ငံတောင်ပိုင်း Apurimac ဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Chumbao မြစ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်းမီဒီယာက မတ်လ ၂ ရက်ကပြောကြားသည်။ အဆိုပါ သေဆုံးသူများသည် အနက်ရောင်ယာဉ်တစ်စီးဖြင့်ခရီးသွားနေစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာသည့်ရေပြင်အတွင်း ထိုးကျသွားရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြစ်ရေလျှံမှုကြောင်းပီရူးနိုင်ငံတောင်ပိုင်း တာလာဗီရာခရိုင်ရှိ နေအိမ်များပျက်စီးသွားကြောင်းနှင့် ဒေသတွင်းအာဏာပိုင်များက Kaspichaka ခရိုင်မှပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို