ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၂၀ဝဝ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၁၆၀ဝဝ ကျော်အား ခန့်ထားနိုင်ခဲ့

 

နေပြည်တော် ၁၆ ဇန်နဝါရီ

 

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

 

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၂၀ဝဝ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၁၆၀ဝဝ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြောကြားပါတယ်။

 

MDN

 

mdn

 

mdn

 

mdn