ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီး ဆက်သွယ်သွားလာနိုင်သည့် (ဖြူး-တမံလမ်း)အား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်

ဖြူး ဒီဇင်ဘာ ၅


 
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးအား ဆက်သွယ်သွားလာနိုင်သည့် (ဖြူး-တမံလမ်း) ပေါ်ရှိ ပြုပြင်ရန်လိုအပ်သည့် ဒိုင်းတရာကျေးရွာလမ်းပိုင်းအား လမ်းပြုပြင်ခြင်းလုပ်ငန်းကို ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

ပြုပြင်ထိန်းသိမ်းရာတွင် မိုးရေစိမ့်ဝင်နိုင်မှုမရှိရေး လမ်းအနိမ့်အမြင့်ဖြေ၍ ကတ္တရာရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းကို လမ်းအပိုင်း(၁)မိုင်အား ပထမ(၆)ဖာလုံတစ်ပိုင်းအား ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျန်(၂)ဖာလုံတစ်ပိုင်းအား နိုဝင်ဘာလတွင် ထပ်မံဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ပထမပတ်အတွင်း ပြီးစီးခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းအပိုင်းမှာ ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီး ဆက်သွယ်သွားလာနိုင်သည့် (၃)မိုင်ကျော်အရှည် (ဖြူး-တမံလမ်း)ဖြစ်ပြီး ခရီးသည်တင်ယာဉ်များ၊ လမ်းနှင့် အနီးဆုံး ကျေးရွာများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအတွက် အများဆုံး အသုံးပြုသည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)