ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) ဆက်လက်ကျင်းပ

၂၉ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်းနှင့် ဒုတိယနေရာမှ VUC အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

 

ပွဲစဉ် (၁၃) တွင် MIC အသင်းက AMM အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ VUC အသင်းက GV Athletic အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Comrade အသင်းက PU အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ Titan XII အသင်းက MFF ယူ-၁၉ အသင်းကို လေးဂိုး-နှစ်ဂိုး၊ မြို့မ YTD အသင်းက UPT အသင်းကို လေးဂိုး-သုံးဂိုး၊ ရွှေမြဝတီအသင်းက White Colour အသင်းကို ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့သည်။ 

 

ဒုတိယနေရာမှ VUC အသင်းသည် GV Athletic အသင်းကိုအနိုင်ရခဲ့သောကြောင့် ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး GV Athletic အသင်းမှာမူ ရှုံးပွဲကြောင့် တတိယနေရာကို မြို့မ YTD အသင်းထံ လွှဲပေးခဲ့ရသည်။ MIC အသင်းမှာမူ ၁၃ ပွဲဆက် နိုင်ပွဲရယူပြီး ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။

 

ရဲရင့်ရှိုင်း