ဖုန်းရွှေဟောချက်အရ ဝက်နှစ်မှာ ထရန့်ရဲ့ လျှို့ဝှက်ချက်တွေ ပွင့်ကျလာနိုင်

၁ ဖေဖော်ဝါရီ 

 

လျူနာနှစ်ရဲ့ ဝက်နှစ်ကို ရှေ့လာမယ့်သီတင်းပတ်ဆို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ဖုန်းရွှေဟောသူတွေက ကမ္ဘာ့ခေါင်းဆောင်တွေ၊ နာမည်ကျော်ကြားသူတွေရဲ့ ရှေ့ရေးကို ကြိုတင် ဟောကိန်းထုတ်နေကြပါတယ်။ ကမ္ဘာ့ခေါင်းဆောင်ဆိုရာထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း အပါအဝင်ဖြစ်ပါတယ်။ 

 

mdn

 

ထိုင်ဝမ်နိုင်ငံက ဖုန်းရွှေဟောသူ တိုင်ဆိုင်းချီက လာမယ့် ဝက်နှစ်ဟာ အထူးသဖြင့် ခွေးနှစ်ဖွားသူတွေအတွက် မကောင်းတဲ့နှစ်ဖြစ်တယ်။ ခွေးနှစ်ဖွားဖြစ်တဲ့ အမေရိကန်သမ္မတ အတွက် မကောင်းတဲ့နှစ်လို့ ဆိုနိုင်တယ်။ ခွေးနှစ်မွေးသူတွေရဲ့ လျှို့ဝှက်ချက်တွေ ပေါ်မယ့်နှစ်ဖြစ်တယ်။ ထရန့်အနေနဲ့ ရာထူးကနေ နုတ်ထွက်တာမျိုးအထိ ဖြစ်နိုင်တယ်။ ပြဿနာတွေက များလွန်းလို့ သူ့ဟာသူ ထွက်သွားတာမျိုး၊ လုပ်ရမယ်လို့ ဆိုပါတယ်။ 

 

ထိုင်ဝမ်နိုင်ငံ ဖုန်းရွှေဟောသူနဲ့ ထရန့်အကြောင်း မတူတဲ့ ဟောကိန်းမျိုးပြောသူကတော့ ဟောင်ကောင်က ဖုန်းရွှေဟောသူ အလီယွန်ယို ဖြစ်ပါတယ်။ ထရန့်ကို ဆန့်ကျင်တဲ့သူတွေက ထရန့်နဲ့ ရင်ဆိုင်ရတဲ့အခါ ဂရုတစိုက် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။ ထရန့်အနေနဲ့ ရာထူးကနုတ်ထွက်မယ် ဆိုရင်တောင် ၂၀၁၉ ဒီဇင်ဘာ ၆ ရက်ကနေ ၂၀၂၀ ဇန်နဝါရီ ၆ ရက် အတွင်းမှသာဖြစ်မယ်လို့ ဆိုပါတယ်။ 

 

mdn

 

ဘရစ် (Brexit ) ဟောကိန်းအနေနဲ့  မနှစ်က ၂၀၁၈ ဟောကိန်းအရ ၂၀၁၈ ဟာ မြေဓါတ်ရှိတဲ့ ခွေးနှစ် ဖြစ်တဲ့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ စီးပွားရေးဟာ ကုန်သွယ်ရေးစစ် အပေါ်မှာ ရောက်ရှိခဲ့သလို ဗြိတိန်နိုင်ငံအနေ ဥရောပသမဂ္ဂကနေ ထွက်ခွာရေးမှာ အကျပ်အတည်းတွေ နဲ့ နိုင်ငံတွင်းကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။  


၂၀၁၉ အတွက်ကတော့ နိုင်ငံတွေကြားမှာ တင်းမာမှု အနည်းနည်းငယ်ရှိနေအုံးမယ်။ ဒါပေမယ့် တရုတ်နိုင်ငံတွင်မှာ နိုင်ငံရေးဖြေလျှော့မှုတွေ ရှိမယ်။ ဝက်နှစ်ဟာ ရေကို ကိုယ်စားပြုတယ်။ ကမ္ဘာမြေပေါ်ကို ရေထည့်လိုက်ရင် ရွံ့တွေဖြစ်သွားမယ်၊ အဲဒီသဘောအရ လူတွေမှာ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ဘူး။ ဆုံးဖြတ်ချက်တွေ မရှင်းလင်းတဲ့အတွက်  ပြဿနာဖြစ်နိုင်တယ်လို့  ဟောင်ကောင်က ဖုန်းရွှေဟောသူ ယို က ဟောကိန်းထုတ်ထားပါတယ်။ 

 

mdn

 

နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံတွင်းက နိုင်ငံရေးပြဿနာတွေနဲ့ အလုပ်များနေမယ့် နှစ်ဖြစ်တယ်။ နိုင်ငံတကာအတွင်းက ပဋိပက္ခတွေ အဖြစ်နည်းမယ့်နှစ်ဖြစ်တယ်လို့ ယိုက ရှင်းပြပါတယ်။ 

 

ထရီဇာမေအတွက်တော့ ကောင်းတဲ့နှစ်မဟုတ်ဘူးဖြစ်တယ်။ ပါတီတွင်းက ထောက်ခံမှုရအောင် ခက်ခက်ခဲခဲကြိုးစားရမယ့် အခြေအနေဖြစ်တယ်။ ဘရစ်ဇစ်ကနေ အဓိကရုန်းနဲ့ ဆန္ဒပြပွဲတွေ အထိ ဖြစ်နိုင်တယ်။ ဗြိတိန်နိုင်ငံဟာ ဖွံ့ဖြိုးမှု မှန်မှန်နဲ့ ချောမွေ့မှုဖြစ်မယ်လို့ ယိုက ဟောကိန်းထုတ်ထားပါတယ်။ 

 

ထိုင်ဝမ်က ဖုန်းရွှေဟောသူ တိုင် ကတော့ ဗြိတိန်က ဥရောပသမဂ္ဂကနေ ထွက်သည်ဖြစ်စေ၊ မထွက် သည်ဖြစ်စေ ဗြိတိန်အတွက် ခက်ခဲတဲ့နှစ်ဖြစ်တယ်။ စီးပွားရေး မကောင်းနိုင်ဘူး ထရီဇာမေအတွက် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ရမယ့် နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

mdn

 

တရုတ်သမ္မတ ရှီကျင်းဖျင်က မြွေနှစ်ဖွားဖြစ်တယ်။ လှုပ်ရှားမှုတွေအတွက် အင်အားတွေရှိမယ်၊ ဒါပေမယ့် တခါတရံမှာ ကောင်းကောင်းမလှုပ်ရှားနိုင်ဘဲ အခက်အခဲကို ဖြစ်စေတယ်လို့ ဟောကိန်းကလည်း ရှိနေပါတယ်။ 

 

နောက်ဆုံးအနေနဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကလေးက ယောကျာ်းလေးလား၊ မိန်းကလေး လား။ ဧပြီ သို့မဟုတ် မေလဆန်းမှာ မွေးဖွားမယ့် ဟယ်ရီနဲ့ မက်ဂင်တို့ရဲ့ကလေး ဟာ ယောကျာ်းလေးဖြစ်နိုင်တယ်။ ဒီနှစ်ဟာ မက်ဂင်အတွက် ကလေးမွေးတာဟာ အကောင်းဆုံးဖြစ် တယ်လို့ ဖုန်းရွှေနည်းအရ ဟောကိန်း ထုတ်ထားပါတယ်။

 

MDN
ကိုးကား - AFP